Pyidaungsu Font Errorဖြစ်နေသူများအတွက်ဖြေရှင်းနည်း






ပြည်ထောင်စု Font ကို အစိုးရရုံးဌာနတွေမှာ ဧပြီလ (၁) ရက်နေ့မှ စတင်သုံးစွဲရမှာဖြစ်ကြောင်း ညွှန်ကြားချက်တွေ ထွက်ရှိလာပါတယ်။ အဲဒီအတွက် ကွန်ပျူတာတွေမှာ ပြည်ထောင်စု Font တွေ ထည့်သွင်းကြရပါတယ်။ ကိုယ်တိုင်လည်း ထည့်သွင်းပေးနေရလို့ တစ်ချို့စက်တွေက ဒီအတိုင်း Font File လေးကို သက်ဆိုင်ရာ Font Folder လေးထဲ Copy ကူးထည့်လိုက်ရင် အဆင်ပြေသွားပေမယ့် တစ်ချို့စက်တွေမှာ အဲဒီလိုလေး လုပ်လိုက်ရုံနဲ့ အဆင်မပြေတာတွေ တွေ့ရလို့ လုံးဝမလုပ်တတ်သူတွေအတွက် အတွေ့အကြုံလေးကို မျှဝေပါတယ်။ ပထမဆုံး Font File လေးအလွယ်တကူ Copy ကူးထည့်နည်းကို ပြောပါမယ်။ ကိုယ့်ကွန်ပျူတာနဲ့ ကိုက်ညီမယ့် Pyidaungsu Font ကို ဒီ Link မှာ download လုပ်ပါ။ http://mcf.org.mm/download-center/pyidaungsu-font.html ။ ပြီးရင် Keyboard က Windows Key နဲ့ R ကို တွဲနှိပ်ပြီး Run Box ကို ခေါ်ပါ။ Run box မှာ fonts လို့ရိုက်ပြီး Enter နှိပ်ပါက Font Folder ပေါ်လာပါမယ်။ အဲဒီထဲကို download ဆွဲထားတဲ့ Font File ကို Copy Paste လုပ်ရုံပါပဲ။ Myanmar 3 တုန်းကအသုံးပြုခဲ့တဲ့ Keymagic v 1.5 နဲ့ အသုံးပြုစမ်းသပ်ရိုက်ကြည့်ပါ ။ အဆင်မပြေရန် အပေါ်က Link မှာ ပေးထားတဲ့ Keymagic ကို download လုပ်ပြီး Install လုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ Keymagic အသစ်ကို Install မလုပ်မီ အရင် အဟောင်းကို Uninstall လုပ်ပါ။ ပြီးမှ Keymagic v 2.0 ကို Install လုပ်ပါ။ Install လုပ်တဲ့အခါ Internet Explorer 8 ဖြစ်နေရင် Upgrade ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Internet Connection ရတဲ့ ကွန်ပျူတာတွေမှာ Auto Upgrade ပြုလုပ်နိုင်ပေမယ့် မရတဲ့ ကွန်ပျူတာတွေအတွက် ဒီ Link မှာ download ဆွဲပြီး Upgrade Install ပြုလုပ်နိုင်ပါတယ်။ https://offlinefreewarefiles.com/…/internet-explorer-web-b…/ 
အားလုံးပြီးသွားရင် Pyidaungsu Font ကို စမ်းသပ်ရိုက်ကြည့်နိုင်ပါတယ်။ Microsoft Word မှာ စာရိုက်လို့ စာမမှန်တာတွေရှိခဲ့ရင် https://mcf.org.mm/myanma…/61-windows-users/358-ms-word.html မှာ ၀င်ရောက်ကြည့်ရှုပြီး ပြင်ဆင်နိုင်ပါတယ်။
နောက်တစ်ချက်ကတော့ စာရိုက်တော့ အမှန်ပြနေပြီး Print ထုတ်တဲ့အချိန်စာတွေ မမှန်ပါက ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ Printer ကို Control Panel\All Control Panel Items\Devices and Printers ထဲမှာ Right Click နှိပ် Remove Device ပြုလုပ်ပါ။ Printer ကို Computer နဲ့ ချိတ်ဆက်ပြီး Power On ထားဖို့လိုပါတယ်။ ပြီးရင် Computer ကို Restart ချပါ။ ကွန်ပျူတာပြန်ပွင့်လာချိန်မှာ Printer Driver ကို အလိုအလျောက် Install ပြုလုပ်သွားပါလိမ့်မယ်။ Install မလုပ်ရင် Printer Driver ပြန်တင်ပေးပြီး Print ထုတ်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ ကွန်ပျူတာနဲ့ Pyidaungsu Font အသုံးပြုသူ အားလုံးအဆင်ပြေကြပါစေ။

#CRD 
အောင်မျိုးချစ်
လာရောက်အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ



Welcome{ ​ကျွန်တော်၏ဖေ့ဘုတ်သို့ } ​GO



Welcome{ ​MM-IT BLOG } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Post a Comment

0 Comments