Unicode စာရိုက်နည်း Unicodeစာရိုက္နည္း

❝ Unicode စာရိုက်နည်း  ❞
■■■■■■■■■■■■■■

Unicode စတင် အသုံးပြုရန် 
အခက်အခဲဖြစ်နေသူများ
Unicode စာရိုက်နည်း 
မသိသေးသူများအတွက်...
မျှဝေပေးလိုက်ပါတယ်။

၁။Unicode ဖြင့်စာလုံးရိုက်ရာတွင်
မြန်မာစာလုံးပေါင်း 
သတ်ပုံ အတိုင်း ရိုက်ရ / ရေးရပါမယ်။

ဥပမာ... 
Unicode မှာ
မြမြ ကိုရေးလိုပါလျှင် = 
" မ " ကိုအရင်ရေး
ပြီးမှ " ြ " ကိုရေး = မြမြ

Zawgyi မှာတော့ = 
ြ  မ ြ မ = မြမြ ဒီလိုရေးပါတယ်...။

အင်္ဂါနေ့ ဆိုရင်လည်း =
" အင် "  လို့ စရိုက်ပါ ပြီးမှ 
"် "    ဒါလေးကိုရိုက်(ဝိရာမ) နောက်
" ဂါ  "  လို့ ရိုက္ပါ။

၂။စာလုံးဆင့် ရိုက်ချင်ရင်လည်း
အပေါ်ဘဲ ဆင့်ဆင့်
အောက်စာလုံးဘဲဆင့်ဆင့်
( ဝိရာမ ) 
လေးသာရိုက်လိုက်ပါ...

Unicodeမှာ..
ဒီနှစ်ချက်သိရင် စာတော်တော်
ရိုက်လို့ရပါပြီ....

စာရိုက်နည်း နမူနာပုံစံများ ပေးထားပါတယ်...
မိမိဖုန်းထဲက Color Noteထဲသို့
ကော်ပီကူးပြီး နမူနာ ပေးထားသော
စာအောက်တွင် လိုက်ရိုက်ကြည့်ပါ....
တစ်လုံးခြင်း ရှင်းပြနေရင်
မျက်စိ ရှုပ်နေမှာဆိုးလို့
အဓိကနေရာကိုသာပြထားပါတယ် 

(ဘေးက နမူနာအတိုင်း
တစ်လုံးခြင်းလိုက်ရိုက်ကြည့်ပါ)

စာကိုတစ်ဆက်တည်းရိုက်ပါ
စာလုံးမခြားပါနဲ့...

မင်္ဂလာပါ = မ င် ် ဂ လာပါ  

အင်္ဂါ =  အ င်် ဂါ 

ကဏ္ဍ= က ဏ ်  ဍ  

ဘဏ္ဍာ = ဘဏ် ဍ ာ

အဓိဋ္ဌာန် = အ ဓိ ဋ် ဌာန်  

ခြင်္သေ့ =  ခ ြ င် ်  ‌‎သေ့  

သင်္ဘော  = သ င် ‎် ‎ဘော     

သင်္ကြန် = သ င်် က ြ  န် 

သင်္ခါရ  = သ င်် ခါ ရ 

သိင်္ဂီ = သိ င်် ဂီ  

မီးသင်္ဂြိုဟ် = မီး သ င်် ဂ ြ ိ ု ဟ်

သင်္ချိုင်း = သင်် ခ ျ ိ ု င်း 

ပဋ္ဌာန်း = ပ ဋ် ဌ ာ န်း   

နိဗ္ဗာန် = နိ ဗ် ဗ ာ န်

လိမ္မော်သီး = လိမေ် မာ် သီး

အင်္ကျီ = အ င်် က ျီ   

အိနြ္ဒာကျော်ဇင် = အ ိ န် ဒ ြ ာ ကျော်ဇင် 

အင်္ဂလိပ်စာ = အ င်် ဂ လိပ်စာ 

သင်္ချာ = သင်် ချာ

*ယောက်ျား = ယော က်  ျ  ာ း 

*လက်ျာ =  လ က် ျ ာ 

*( ထူးခြားသောရေးထုံး )

မြန်မာပန်ဂရမ်(Myanmar Pangram )

ဗျည်း သရ အားလုံးပါဝင်သော...
အဓိပ္ပါယ်ရှိသည့် စာကြောင်းဖြစ်ပါသည်။
(တီထွင်သူ - ကိုမောင်ဆန်း)

သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ်ဎန
ဆေးညွှန်းစာကို  ဇလွန်စျေးဘေး
ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် 
ဂဃနဏ ဖတ်ခဲ့သည်။  

လိုက်ရိုက်ကြည့်ပါ ခင်ဗျာ...

(မိမိဖု‌န်းတွင် Unicode ပြောင်းပြီး
 Unicode ကီးဘုတ်ရှိမှရပါမည်။) 


အားလုံးပဲအဆင်‌ပြေကြပါစေဗျာ






Thank You
လာရောက်အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
Thank You
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Post a Comment

0 Comments