Windows 10 System Settings ဖွင့်နည်း(၁၀)နည်း
ကွန်ပျူတာမှာ ကိုယ်စိတ်ကြိုက် အသုံးပြုဖို့တစ်ချို့
Settings တွေ ပြင်ထားရပါတယ်။ Windows 7, 8
Version တွေမှာဆိုရင် Setting App သီးသန့်မပါပဲ၊
Control Panel ပဲ ပါဝင်ပြီး Windows 10 မှာတော့
Settings App အနေဖြင့် ပါဝင်လာပါတယ်။ Setting
တွေကို ပြင်ဆင်ဖို့Settings ထဲကို ဝင်ရောက်လို့ရတဲ့
နည်းတွေလည်း(၁၀)နည်း ရှိပါတယ်။ ဒီ(၁၀)နည်းကို
ကွန်ပျူတာအသုံးပြုတတ်သူတိုင်း သိချင်မှ သိပါမယ်။
1. Start Menu ကနေ ဖွင့်သုံးနည်း
ကွန်ပျူတာ Screen ရဲ့ဘယ်ဖက်ထောင့်မှာ ပါတဲ့
Windows Logo နဲ့Start Menu ပုံလေးကို နှိပ်ပြီး
Power ပုံရဲ့အပေါ်မှာ Settings ကို နှိပ်ဖွင့်နိုင်ပါတယ်။
2. Shortcut Key နဲ့ဖွင့်သုံးနည်း
အလွယ်ဆုံးနည်းဖြစ်တဲ့ Shortcut Key နဲ့ဖွင့်ချင်ရင်
Windows Key + I ကို တွဲနှိပ်ပြီး ဖွင့်နိုင်ပါတယ်။
3. Windows + X Key နဲ့ဖွင့်သုံးနည်း
Windows Update တွေမှာသာပါဝင်တဲ့ 
Windows +X ကို တွဲနှိပ်လိုက်ရင် ပေါ်လာတဲ့ 
Menu မှာ Settings ကို နှိပ်ဖွင့်နိုင်ပါတယ်။
4. Cmd ကနေ ဖွင့်သုံးနည်း
Cmd ကို ဖွင့်ပြီး Command Prompt ထဲမှာ 
Start ms-settings: လို့ရိုက်ထည့်ပြီးလည်း ဖွင့်နိုင်ပါတယ်။
5. Run Box ကနေ ဖွင့်သုံးနည်း
Windows Key + R ကို တွဲနှိပ်လိုက်ပြီး 
ms-settings:  ကို ရိုက်ထည့်ဖွင့်နိုင်ပါတယ်။
6. Search Box (or) Cortana ကနေ ဖွင့်သုံးနည်း
ကွန်ပျူတာရဲ့Search box မှာ Settings  လို့ရိုက်
ရှာဖွင့်နိုင်သလို Windows + C Key ကို တွဲနှိပ်ပြီး
 Open Settings လို့ပြောလိုက်လည်း ဖွင့်နိုင်ပါတယ်။
7. Action Center ကနေ ဖွင့်သုံးနည်း
ကွန်ပျူတာ Screen ရဲ့ညာဘက်ထောင့်အောက်မှာ
Message ပုံလေးနဲ့ကို နှိပ်လိုက်ပြီး Action Center ကို
ဖွင့်၊ All Settings နှိပ်ဖွင့်နိုင်ပါတယ်။
8. File Explorer ကနေ ဖွင့်သုံးနည်း
Windows Update Version  တွေမှာ File Explorer ကို
ဖွင့်ပြီး ထိပ်ဆုံးက Menu Bar ပေါ်မှာ Open Settings ကို
ဆိုတာကို နှိပ်ဖွင့်နိုင်ပါတယ်။
9. Taskbar ပေါ်မှာ Pin လုပ်ထားပြီး သုံးနည်း
Star Menu မှာ Settings ကို ရှာပြီး Right Click>
More> Pin To Taskbar လုပ်ထားပြီး ဖွင့်နိုင်ပါတယ်။
10. Control Panel ကနေ ဖွင့်သုံးနည်း
အပေါ်ကနည်းတွေအတိုင်း အလွယ်နည်းတွေနဲ့
ဖွင့်လို့ရနေရက်သားနဲ့ ဘာလို့Control Panel ကနေ
အရှည်ကြီးသွားပြီး ဖွင့်နေဦးမလဲ? မေးစရာရှိပါတယ်။
တစ်ခြားသူတွေထက် ပိုသာချင်ရင် ကွန်ပျူတာမှာ
လုပ်လို့ရသမျှတွေကို သူများထက် ပိုသိနေရပါမယ်။
Control Panel> User Account> Make Changes
To My Account in PC Settings ကို နှိပ်ဖွင့်နှိင်ပါတယ်။
#credit original uploader
Thank You
လာရောက်အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
Thank You
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်